မြန်မာနိုင်ငံတွင် ဒီမိုကရေစီအရပ်သားအစိုးရကို ဖြုတ်ချပြီး ‘‘ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မတရားအကြမ်းဖက်’’  ၍ စစ်တပ်မှ အာဏာသိမ်းခဲ့သည့်၂၀၂၂ ခုနှစ်နောက်ပိုင်းတွင် ကျွန်ုပ်တို့သည် ‘‘Union Brothers-UB ပြည်သူ့အကျိုးဆောင်’’အဖွဲ့အမည်ဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုစနစ်ပေါ်ပေါက်လာရေးအတွက် ပြည်ပရောက်မြန်မာနိုင်ငံသားများနှင့်လက်တွဲကာ ကြိုးစားဆောင်ရွက်ခဲ့ကြပါသည်။ စစ်ပွဲဖြစ်ပွားရာနှင့် စစ်ဘေးရှောင်စခန်းများရှိ စစ်ရှောင်ပြည်သူများအတွက် နိုင်သည့်ဖက်မှတတ်စွမ်းသမျှ အစွမ်းကုန် ကြိုးစား၍ ထောက်ပံ့ရေးလုပ်ငန်းစဉ်များကို ကြိုးစားဆောင်ရွက်ခဲ့ကြပါသည်။

တော်လှန်ရေး(၃)နှစ်တာ ကာလသို့ရောက်ရှိလာခဲ့သော်လည်း ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အားပေးဝန်းရံထောက်ခံမှု့ဖြင့် အရှိန်အဟုန်မပျက် ထောက်ပံ့ရေးကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ယနေ့ထက်တိုင် ဖြစ်ပါသည်။

မြန်မာပြည်သူများအားလုံး စစ်မှန်သည့်ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိနိုင်ဖို့ရာ ထောက်ပို့ရေးကဏ္ဍသည် အရေးအပါဆုံးနေရာမှ ပါဝင်နေသလို၊ အရှိအဟုန်မပျက် ယန္တရားတစ်ခုသဖွယ် မရပ်တံ့ဘဲ တစိုက်မတ်မတ်လည်ပတ်သွားနိုင်ဖို့ရာ ကျွန်တော်တို့ လူငယ်များအားလုံး၏ တာဝန်တရပ် ဖြစ်ပေသည်။

( ၁ ) တစ်ဦးတစ်ယောက်၏ ဦးဆောင်မှုဖြင့် ထောက်ပံ့ရေးယန္တရားကြီးလည်ပတ်နေခြင်းထက် ပြည်သူများအားလုံး ကိုယ်တိုင်ပါဝင်ဦးဆောင်စေကာ အရှိန်အဟုန်မပျက် ယန္တရားကြီးအား လည်ပတ်စေရေး။

( ၂ ) အဂတိကင်းစင်ပြီး ပြည်သူ့ထောက်ပံ့ငွေများအား စနစ်တကျခွဲဝေစနစ်ဖြင့် ခွဲဝေထောက်ပံ့စေပြီး ပြည်သူများကို အမှန်တကယ်လိုအပ်သည့် နေရာများကို တိကျစွာ ရောက်ရှိစေနိုင်ရေး။

( ၃ ) အဖွဲ့အစည်း၏ လုပ်ဆောင်ချက်များအပေါ် နိုင်ငံရပ်ခြားရောက် ပြည်သူများမှ ခိုင်မာသည့်ယုံကြည်မှု့ဖြင့် လက်တွဲညီညီ ကြိုးစားလုပ်ဆောင်ကြရင်းဖြင့် မြန်မာပြည်တွင်းရှိ အခက်အခဲဖြစ်နေသော နေရာကွက်လပ်များကို ဖြည့်ဆည်းပေးနိုင်ကြစေရေး။

( ၄ ) ကာကွယ်ကူညီမှူ ကင်းမဲ့နေသော ပြည်ပရောက်မြန်မာနိုင်ငံသားများအတွက် အကူအညီ၊ အကာအကွယ်များ ရရှိလာနိုင်စေရေး၊ နေရာပေါင်းစုံမှ ပြန့်ကျဲနေသော မြန်မာနိုင်ငံသားများ အချင်းချင်း သွေးစည်းညီညွတ်စွာဖြင့် မိသားစုရပ်ဝန်းတစ်ခုသဖွယ် ဖြစ်ပေါ်လာစေရေး။

စသည့် အချက်များကို ရည်ရွယ်၍ ကျွန်တော်တို့ Admin Team ရှိ ခေါင်းဆောင်များမှ ပူးပေါင်းတိုင်ပင် ခဲ့ကြပြီး People Support Team (PST) ဆိုသည့် Network ကွန်ယက်ကြီးကို စတင်မွေးဖွားလိုက်ရပါတော့သည်။

Admin Team
People Support team (PST)
(ပြည်သူ့ထောက်ပံ့ကူညီရေးအဖွဲ့)